Letter - Stand with Asian Americans

Letter

တော်လောက်ပြီ။

အမေရိကားမှာရှိနေတဲ့အာရှသားစီးပွားရေးခေါင်းဆောင်များ၊ စိတ်ပင်ပန်းခြင်း၊စိတ်ဆိုးခြင်း၊ကြောက်လန့်ခြင်းဖြစ်သည်မှာဤအကြိမ်သည်ပထမဆုံးအကြိမ်မဟုတ်တော့ပါ။

အမေရိကန်လူမျိုးတွေထက်ကျန်ုပ်တို့နိမ့်ကျပြီးဆက်ဆံခံနေရတာကိုစိတ်ဆင်းရဲလှပြီ။အာရှတိုက်သားဖြစ်နေခြင်းကြောင့်ရပ်ကွက်ထဲတွင်နှောက်ယှက်ခံရ၊ရိုက်နှက်ခံရသည်ဆိုသောသတင်းများကိုနေ့တိုင်းဖတ်နေရသည်။ကျွန်ုပ်တို့ချစ်သောသူများ၏လုံခြုံမှုကိုစိုးရိမ်လာရသည်။ကျွန်န်ုပ်တို့နှစ်ပေါင်းများစွာနေထိုင်လာသည့်မြို့ထဲရပ်ကွက်ထဲတွင်ကျွန်ုပ်တို့မိသားစုများလုံခြုံမှုမရှိတော့သည့်အတွက်အပြင်မထွက်ရသည်ကိုလည်းအလွန်ပင်ဒေါသထွက်နေပြီဖြစ်သည်။

America ကျွန်ုပ်တို့သည်ကျွန်ုပ်တို့မွေးခဲ့သည့်ဤနိူင်ငံ(သို့)ကျွန်ုပ်တို့ပြောင်းရွှေ့လာပြီးနေထိုင်နေသည့်ဤနိူင်ငံအတွက်မြောက်များစွာသောအကျိုးဆောင်လုပ်ငန်းများကိုလုပ်ဆောင်ပေးကြပါသည်။ကျွန်ုပ်တို့သည်သင်တို့၏ဈေးဆိုင်များ၌ပိုက်ဆံငွေချေပေးသူ၊ ကျောင်းဆရာမ၊ ထမင်းချက်၊ ဆရာဝန်၊ အဝတ်လျှော်ပေးသူ၊ လုပ်ဖေါ်ကိုင်ဖက်၊ အိမ်နီးနားချင်း၊သူငယ်ချင်းဆိုသူများတွင်လည်းပါဝင်ပါသည်။ကျွန်ုပ်တို့ဟာသင်တို့ရဲ့ကုဒ်တွေလည်းရေးသူဖြစ်သည်။မားစ်ဂြိုလ်ပေါ်လည်းအတူတူအာကာသယဉ်တွေပို့ကြသည်။ကျန်ုပ်တို့များမှလူအတော်များများသည်အမေရိကန်သားများအတွက်အလုပ်အကိုင်မြောက်များစွာကိုဖန်တီးပေးပါသည်။ကျွန်ုပ်တို့သည်အမေရိကားနိူင်ငံကိုကျွန်ုပ်တို့၏အိမ်ယာဟုသဘောထားပြီးအမေရိကားနိူင်ငံပိုကောင်းအောင်သင်တို့လိုပင်ကြိုးစားနေသူများဖြစ်ပါသည်။

မည်သူမဆိုကိုယ့်နိူင်ငံမှာအကြောက်တရားနဲ့မနေသင့်ပါ။ခါးသီးသောဝေဖန်အပြစ်တင်စကားများကြောင့်အာရှသားများသည်တခြားလူမျိုးများ၏ပစ်မှတ်ဖြစ်လာရသည်။စကားလုံးသုံးနှုန်းပုံသည်အင်မတန်အရေးပါပါသည်။တရုတ်ရောဂါပိုး၊အဖျားအနာ၊ဤစကားလုံးများသည်လူမျိုးမုန်းတီးရေးပြစ်မှုများကိုလက်ကမ်းကြိုဆိုနေပြီးရလဒ်သည်အာရှတိုက်သားများအပေါ်၌လူမျိုးမုန်းတီးရေးပြစ်မှုများတနှစ်အတွင်း၁၅၀%တက်လာခြင်းဖြစ်သည်။အထူးသဖြင့်အာရှအမျိုးသမီးများအပေါ်တွင်တက်ရောက်မှုပိုမိုပြင်းထန်သည်။

ကျွန်ုပ်တို့အာရှသားများအပေါ်နှိပ်စက်အကြမ်းဖက်မှုကိုအဆုံးသတ်ရန်သင်တို့၏အကူအညီကိုတောင်းဆိုပါသည်။ကျွန်ုပ်တို့ကိုနောက်ကျောမှဓါးနှင့်ထိုးခြင်း၊သေလောက်အောင်မြေကြီးပေါ်တွန်းချခံရခြင်း၊အက်စစ်ရေနဲ့မျက်နှာကိုအပက်ခံရခြင်း၊အက်တ်လဲင်းတာမြို့တွင်အမေများနှင့်အဖွားများသေနတ်နှင့်အပစ်သတ်ခံရခြင်းတို့ကိုကြောက်နေရသည့်အခြေအနေတွင်မနေချင်တော့ပါ။ရိုက်နှက်ခံထားရ၍GoFundMeမှာအလှူငွေတောင်းခံနေသည့်သက်ကြီးအိုရွယ်များ၏ဓါတ်ပုံတို့ကိုလည်းမမြင်ချင်တော့ပါ။လူမဲ၊လက်တီးနာ၊အင်ဒီဂျင်းနီးရက်၊လိမ်တူအတူနေသူများအပေါ်နှိပ်စက်ကြမ်းတန်းခြင်းကိုကျွန်ုပ်တို့၏အသိအမှတ်ပြုမှုသည်လည်းအရေးအလွန်ကြီးပါသည်။

ကျွန်ုပ်တို့အာရှသားစီးပွားရေးခေါင်းဆောင်၊လူမှုရေးခေါင်းဆောင်တို့သည်ကျွန်ုပ်တို့နေထိုင်ရာရပ်ကွက်နှင့်ပတ်ဝန်းကျင်ပြောင်းလဲမှုရရှိရေးအတွက်တိုက်ခိုက်နေကြပါသည်။

ဒီနေ့ကျွန်ုပ်တို့အဓိဌါန်ပြုသည်။

အာရှသားများအားနိုင်ထက်စီးနင်းပြုလုပ်ခြင်းကိုနောင်နှစ်အထိဆက်လက်တိုက်ခိုက်ရန်အတွက်ကျွန်ုပ်တို့ $၁၀ သန်းကိုအသုံးပြုရန်ကတိပြုပါသည်။ကျွန်ုပ်တို့၏ပါသနာနှင့်အတူအာရှသားပစိဖစ်ရန်ပုံငွေမှတခြားသောအဖွဲ့အစည်းများကိုလည်းလိုအပ်သလိုကူညီသွားမည်ဖြစ်သည်။

  • StopAAPIHateသည်နှိပ်စက်အနိူင်ကျင့်ခံရသူများအား၎င်းတို့၏ဖြစ်အပျက်များကိုမှတ်တမ်တင်၍သတင်းပို့ခိုင်းခြင်းသည်အရေးကြီးသည့်အချက်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်မှတ်တမ်းသင်ထားသောအဖြစ်အပျက်အရေအတွက်များမှာတကယ်ဖြစ်ပျက်ခဲ့သည်ထက်လျှော့နည်းခြင်းကြောင့်ဖြစ်သည်။
  • အာရှသားများအတွက်တရားမျှတမှုရရှိရေးတော်လှန်တိုက်ခိုက်ရေးသည်ကျယ်ပြန့်၍တခုနှင့်တခုဆက်စပ်နေသောကြောင့်အာရှသားအမျိုးသမီးများကိုထောက်ပံ့ကာကွယ်ပေးခြင်းများသည်လည်းအရေးကြီးသည်ကို AAPI Women Lead အဖွဲ့နှင့် NAPAWF အဖွဲ့အစည်းတို့မှအသိအမှတ်ပြုသည်။
  • အက်တ်လန်းတာမြို့ရှိအာရှသားဦးဆောင်သောတရားအမှုဆောင်အဖွဲ့အစည်းသည်လူမျိုးရေးကြောင့်အနိူင်ကျင့်ခံရသူများကိုကာကွယ်စောင့်ရှောက်ပေးလျှက်ရှိသည်။တရားဥပဒေအမှုများနှင့်ပတ်သက်လျှင်လည်းရပ်တည်ပေးမည့်သူရှိရန်သေချာစီမံပေးသည်။သူတို့၏လုပ်ဆောင်မှုသည်အာရှသားများအတွက်အင်အားတိုးတက်စေ၍အမေရိကန်နိူင်ငံတွင်တရားမျှတမှုကိုအားလုံးအတွက်ဖြစ်စေပါသည်။
  • အာရှသားများအားလေ့လာရေးအဖွဲ့အစည်းများသည်အာရှသားများအပေါ်လူမျိုးရေးခွဲခြားမှုကိုလေ့လာခြင်း၊ပညာပေးခြင်းတို့ကိုပြုလုပ်သည်။

အာရှအလုပ်သမားများ၊အထူးသဖြင့်အာရှအမျိုးသမီးများအလုပ်ခွင်တွင်လုံခြုံမှုရှိ၍သူတို့၏လူမျိုးရေးနှင့်ပတ်သက်၍အနှိမ်ခံရသည့်အဖြစ်အပျက်များကိုပွင့်လင်းစွာပြောဆိုနိူင်၍ပြန်လည်ဂလဲ့စားခြေခြင်းခံရမည်ကိုကြောက်ရွှန့်ခြင်းမရှိပဲသတင်းပို့နိူင်ရန်အတွက်ကျွန်ုပ်တို့ AAPIအလုပ်သမားအဖွဲ့အစည်းတခုကိုတည်ထောင်၍ငွေကြေးမတည်ထားပါသည်။

ကျွန်ုပ်တို့ဘက်မှရပ်တည်မှုရှိခြင်းကိုသေချာရန်အတွက်ကျွန်ပ်တို့သည်လူအုပ်စုမျိုးစုံတို့၏သတင်းကိုပေးပို့ပါမည်။ အာရှသားတိုင်းသည်သူတို့မည်သည့်အဆင့်အတန်းတွင်ပင်ရှိစေကာမူသူတို့ဘက်မှအကျိုးဆောင်မည့်သူရှိကြောင်းသိအောင်ပြုလုပ်ရန်ကတိပြုပါသည်။

အမေရိကန်အာရှသားလူမှုရေးအကျိုးဆောင် Grace Lee Boggs ပြောသည်မှာ၊

သင်ဟာသင်နေထိုင်နေတဲ့ပတ်ဝန်းကျင်ကိုပြောင်းလဲစေချင်လျှင်ပြောင်းလဲပြုပြင်ခြင်းကိုသင်၏တာဝန်ဟုသိမြင်မှတ်ယူပြီးသင်ကိုယ်တိုင်ပါဝင်လုပ်ဆောင်မှသာပြောင်းလဲနိူင်မည်ဖြစ်သည်။

အာရှသားများနှင့်တခြားလူနည်းစုတို့အပေါ်လူမျိုးခွဲခြားခြင်းနှင့်နိူင်ထက်စီးနင်းပြုလုပ်ခြင်းကိုတိုက်ဖျက်ရန်ကျွန်ုပ်တို့နှင့်လက်တွဲရန်တောင်းဆိုပါသည်။ လူမျိုးရေးခွဲခြားမှုရပ်သင့်ပြီ။ ကျွန်ုပ်တို့နှင့်အတူရပ်တည်ကြပါစို့။

Whether you are Asian or an ally, click below to sign and join our movement.

See the WSJ Ad In Full

STAND WITH US

Signed

Filter By
Locations

Companies